မန္တလေး ၁၂ စက်တင်ဘာ 


ပထမဆုံးအကြိမ် တရုတ်-မြန်မာ လမုန့်ပွဲတော် ပျော်ပွဲရွှင်ပွဲကို မန္တလေးမြို့ ဖူးကျင့်နိုင်ငံတကာ ဘာသာစကား စင်တာတွင် ယနေ့ ကျင်းပပြုလုပ်ခဲ့သည်။

 

တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး တိုးပွားလာစေရန်၊ နှစ်နိုင်ငံ ယဉ်ကျေးမှုများ ပိုမိုသိရှိစေရန်အတွက် တရုတ်နိုင်ငံ၊ ကွမ်ရှီးအသံလွှင့်ဌာနမှ ဦးဆောင်ပြီး မြောက်ပင်လယ်ကွေ့အသံလွှင့်ဌာနမှ တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ 


"တရုတ်နဲ့ မြန်မာဟာ တူညီတဲ့ ယဉ်ကျေးမှု တွေရှိပါတယ်။ တရုတ်လမုန့် ပွဲတော်ဟာ များသောအားဖြင့် သီတင်းကျွတ် လပြည့်နေနဲ့ သွားတိုက်လေ့ရှိတယ်။ မဟုတ်ရင်လည်း တစ်လလောက်ပဲ ကွာတယ်။ လပြည့်နေ့ရဲ့ အဓိပ္ပာယ်ဟာ မိသားစု တွေ ပြန်လည်တွေ့ဆုံခြင်းလို့ အဓိပ္ပာယ် ရပါတယ်'' ဟု  မြန်မာ- တရုတ် ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဌ ဒေါက်တာစက်တီ ကပြောသည်။ ပထမဆုံးအကြိမ် တရုတ်- မြန်မာ လမုန့်ပွဲတော် ပျော်ပွဲရွှင်ပွဲတွင် မြန်မာအက၊ တရုတ်အကများဖြင့် ဖျော်ဖြေခဲ့သည်။ 


လမုန့်ပွဲတော်သည် တရုတ်ရိုးရာပွဲဖြစ်သလို အာဆီယံ အသီးသီးမှ တရုတ်လူမျိုးတို့၏ ရိုးရာပွဲတော် တစ်ခုဖြစ်ပြီး ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ မြန်မာ၊ မလေးရှား စသည့် အာဆီယံနိုင်ငံများတွင် ၂၀၁၅ ခုနှစ်က စတင်ကျင်းပခဲ့သည်။ 


အိမို့မို့ခိုင်