တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသားတေးဂီတအဖွဲ့ “NCT 127” ဟာ အဖွဲ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် နယ်လှည့်တေးဂီတဖျော်ဖြေပွဲကို ပြုလုပ်သွားမှာဖြစ်ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြ ချက်တွေအရ သိရပါတယ်။
အဖွဲ့ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ပေါ်မှာ အက်စ်အမ်အန်တာတိန်းမန့်က “NCT 127” အနေနဲ့ပထမဆုံးနယ်လှည့် ဖျော်ဖြေပွဲတွေကို လာမယ့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း ပြုလုပ်သွားမှာဖြစ်ကြောင်း ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အဖွဲ့ရဲ့ ဖျော်ဖြေပွဲကိုတော့ “NEO CITY – The Origin” လို့ အမည်ပေးထားကြောင်း၊ ဖျော်ဖြေပွဲကို နှစ်ပိုင်းပိုင်းကာ ပြုလုပ်သွားမှာဖြစ်ကြောင်းနဲ့ လာမယ့် ဇန်နဝါရီ ၂၆ နဲ့ ၂၇ ရက်တွေမှာ ဆိုးလ်မှာပင် ပြုလုပ်သွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။
အက်စ်အမ်အန်တာတိန်းမန့်ရဲ့ ပြောကြားချက်အရ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဝင်းဝင်းကတော့ သူ့ရဲ့ တစ်ကိုယ်တော် တေးအယ်လ်ဘမ်သစ် “Regulate” အတွက် အလုပ်များနေကာ အနုပညာလှုပ်ရှားမှုအစီအစဉ်တွေနဲ့ ပြည့်နေတာကြောင့် အဖွဲ့လိုက် နယ်လှည့်တေးဂီတဖျော်ဖြေပွဲရဲ့ ပရိုမိုးရှင်းလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်နိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။
အေးပြည့်