အောက်တိုဘာ ၁၉

ဗီယက်နမ်နိုင်ငံတွင် ယခုနှစ်ပထမကိုးလအတွင်း အလုပ်သမားဦးရေ ၁၁၀၀၀၀ ကျော်ကို စာချုပ်အရ ပြည်ပသို့ စေလွှတ်ခဲ့သည်ဟု ယမန်နေ့ကဗီယက်နမ်သတင်းအေဂျင်စီတွင် ဖော်ပြထားသည်။

အဆိုပါအလုပ်သမားများအနက် ၇၉၀၀၀ ခန့်သည် စာချုပ်သက်တမ်းပြည့်ပြီးနောက် နေရပ်သို့ ပြန်သွားကြသည်။ စာချုပ်သက်တမ်းမပြည့်သေး၍ ပြည်ပတွင်အလုပ်လုပ်ကိုင်လျက်ရှိသော အလုပ်သမားဦးရေ ၆၅၀၀၀၀ ကျော်ရှိသည်ဟု သိရသည်။

နိုင်ငံအတွင်း စက်တင်ဘာလအထိ အလုပ်သမားအင်အား ၅၂ ဒသမ ၃ သန်းအထိရှိရာ လွန်ခဲ့သောနှစ်က အလားတူကာလနှင့်နှိုင်းယှဉ်ပါက အလုပ်သမားဦးရေ ၇၆၀၀၀၀ ပိုမိုကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို