ဟောင်ကောင် ၄ ဖေဖော်ဝါရီ
ပထမကမ္ဘာစစ်အတွင်းက လက်ပစ်ဗုံးတစ်လုံးမှာ အာလူးချောင်းစက်ရုံတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါလက်ပစ်ဗုံးကို စနေနေ့က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အလုပ်သမားများက စတင်သတိပြုမိခြင်း ဖြစ်သည်။
ဟောင်ကောင်ကုမ္ပဏီခွဲဖြစ်သည့် ဂျပန်မုန့်စက်ရုံ Calbee တွင် အာလူးများကိုစစ်ဆေးနေစဉ် အဆိုပါလက်ပစ်ဗုံးကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ဗုံးရှင်းလင်းရေးအဖွဲ့က အဆိုပါလက်ပစ်ဗုံးကို ရှင်းလင်းပေးခဲ့သည်။
ယင်းလက်ပစ်ဗုံးမှာ ဂျာမနီနိုင်ငံထုတ်ဖြစ်ပြီး ပထမကမ္ဘာစစ်အတွင်းက လက်ပစ်ဗုံးဖြစ်ကာ ပြင်သစ်နိုင်ငံမှ အာလူးများနှင့်အတူ ရောပါလာခဲ့ခြင်းဖြစ်သည်။ ယင်းလက်ပစ်ဗုံး၏အလေးချိန်မှာ ၁ကီလိုဂရမ်ရှိပြီး မြေမှုန့်များနှင့်ဖုံးလွှမ်းနေသည်။ အာလူးများနှင့်အတူ လက်ပစ်ဗုံးမည်သို့ ရောပါလာသည်ကို ရဲများက စုံစမ်းလျက်ရှိသည်။
အင်န်အိတ်ချ်ကေ