ရန်ကုန် ၂၉ အောက်တိုဘာ
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ၊ မဲရုံတာဝန်ကျ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဖြန့်ဝေပေးမည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသော ပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့သို့ ယနေ့တွင် အထူးလေယာဉ်များဖြင့် ဆက်လက်ရောက်ရှိကြသည်။
ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အထူးလေယာဉ် ၅ ခေါက်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အထူးလေယာဉ် ၃ ခေါက် ရောက်ရှိကြပြီး ယနေ့ ရောက်ရှိသော ပစ္စည်းများမှာ KN95 Mask များ၊ Boots များ ဖြစ်ကြောင်း သိရသည်။
အထောက်အကူပစ္စည်းများမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တို့မှ တစ်ဆင့် အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၃ ရက်အထိအတွင်း အထူးလေယာဉ်များဖြင့် ဆက်လက် ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


