လန်ဒန် ဇန်နဝါရီ ၂၀

 

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် လွန်ခဲ့သော နှစ်နှစ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသွားအလာကန့်သတ်ချက် ချမှတ်ထားသည့်အချိန်တွင် ပါတီကျင်းပခြင်းနှင့် ပတ်သက်ပြီး သတိပေးခြင်းခံခဲ့ရသည်ဆိုသည့် ၎င်းအကြံပေး အရာရှိဟောင်း၏ အခိုင်အမာ ပြောကြားချက်များကို ငြင်းဆိုလိုက်သည်။ ။

 

၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ် တင်းကျပ်သည့် ကိုရိုနာဗိုင်းရပ်စ် ဆောင်ရွက်ချက်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေချိန် ဂျွန်ဆင်၏အစိုးရအဖွဲ့များသည် ပါတီများကျင်းပခဲ့ပြီး ၎င်း၏ အိမ်ရာအတွင်းနှင့် တခြားနေရာ များတွင် လူစုလူဝေးများ ပြုလုပ်ခဲ့သည်ဆိုသည့် အခိုင်အမာ ပြောကြားချက်များ ထွက်ပေါ်လာ ပြီးနောက် ဂျွန်ဆင်က ထိုသို့ ငြင်းဆန်လိုက်ခြင်းဖြစ်သည်။

 

ဂျွန်ဆင်သည် ဒေါင်းနင်းလမ်း နေအိမ်ပန်းခြံတွင် ၂၀၂၀ ပြည့်နှစ် မေလကပြုလုပ်ခဲ့သော ပါတီပွဲတစ်ခုသို့ တက်ရောက်ခဲ့သည့်အတွက် လွန်ခဲ့သည့် သီတင်းပတ်က ပါလီမန်သို့ ဝန်ခံတောင်းပန်ခဲ့သည်။

 

တနင်္လာနေ့က ဂျွန်ဆင်၏ အကြံပေး ဒိုမီနစ်ကန်နင်းက သူသည် ဂျွန်ဆင်ကို ပါတီပွဲသို့ တက်ရောက်ခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး သတိပေးခဲ့ကြောင်း တွစ်တာတွင် ဖော်ပြခဲ့သည်။

 

ဝန်ကြီးချုပ်က ဇန်နဝါရီ ၁၈ ရက်က ၎င်းအားလုပ်ထုံးလုပ်နည်း စည်းမျဉ်းများကို ဆန့်ကျင်ပြီး မည်သူမျှအဆိုပါ ကိစ္စနှင့်ပတ်သက် ပြီး မပြောခဲ့ကြောင်း ပြောသည်။

 

ပြည်သူ့အမြင် စစ်တမ်းတစ်ခု တွင် ပြည်သူ ၂၂ ရာခိုင်နှုန်းက ဂျွန်ဆင်သည် အလုပ်ကောင်းကောင်းလုပ်ကြောင်း ဖော်ပြခဲ့ သည်။ အုပ်ချုပ်ရေးယန္တရားနှင့် အတိုက်အခံပါတီများကြား ၎င်းကို နုတ်ထွက်ပေးရန် တောင်းဆိုမှုများ မြင့်တက် နေကြောင်း သိရသည်။

 

အင်န်အိတ်ချ်ကေ