နေပြည်တော် ၁၅ ဇူလိုင်
ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီနှင့် သက်ဆိုင်ရာကုလသမဂ္ဂ အဖွဲ့အစည်းများမှ တာဝန်ရှိသူတို့က လုပ်ငန်းစီမံချက်(မူကြမ်း)အပေါ် တတိယအကြိမ် ညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်မှုများကို အကောင်အထည်ဖော်၍ လုပ်ငန်းစီမံချက် ရေးဆွဲဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Ms. Pramila Patten တို့က ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာ (၇)ရက်တွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ပါကြောင်း။
ပူးတွဲကြေညာချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အမျိုးသားအဆင့် လုပ်ငန်းကော်မတီဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းကော်မတီ၏ လုပ်ငန်း တာဝန်(၅) ရပ်ဖြစ်သော ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးတွဲကြေညာချက်ပါ ဆောင်ရွက်ရမည့်ကဏ္ဍများအနက် ဦးစားပေးဆောင်ရွက်ရမည့် ကဏ္ဍများကိုသတ်မှတ်၍ အရှိန်အဟုန်တိုးမြှင့် အကောင်အထည်ဖော်ရန်၊ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်တစ်ရပ်ကို ပြည်တွင်း၌ ညှိနှိုင်းရေးဆွဲရန်၊ လုပ်ငန်းစီမံချက်ရေးဆွဲရာတွင် ကုလသမဂ္ဂနှင့် ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုတားဆီး ကာကွယ်ရေး ဆိုင်ရာ ကုလသမဂ္ဂရုံး၏ အထူးကိုယ်စားလှယ်ရုံးတို့မှ နည်းပညာနှင့်အကြံဉာဏ်များ ရယူနိုင်ရေးဆောင်ရွက်ရန်၊ ပူးတွဲကြေညာချက်ကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှု ရလာဒ်များကိုစုစည်းပြုစု၍ နိုင်ငံခြားရေးဝန်ကြီး ဌာနမှတဆင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာသို့ အသိပေးဆောင်ရွက်ရန်နှင့် အမျိုးသမီးများအား လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် စပ်လျဉ်းပြီး ပြန်ကြားရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ သတင်းမီဒီယာများမှတဆင့် လူထုအား အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်တို့ဖြစ်ပါကြောင်း၊ လုပ်ငန်းစီမံ ချက်(မူကြမ်း)နှင့်ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကော်မတီဝင်များနှင့် ကုလ သမဂ္ဂအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၏ သဘောထားမှတ်ချက်များနှင့် အကြံပြုချက်များကို ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကော်မတီအဖွဲ့ဝင်များ၊ ကုလသမဂ္ဂအဖွဲ့ အစည်း များဖြစ်သော UNFPA နှင့် UN Women မှတာဝန်ရှိသူများက သက်ဆိုင်ရာဌာနများ၏ သဘောထားမှတ်ချက်အရ ပြင်ဆင်ထားသည့် လုပ်ငန်းစီမံချက်(မူကြမ်း)အပေါ် အကြံပြု ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက အကြံပြုချက်များကို မှတ်တမ်းတင်ထားရှိပြီး ဆွေးနွေး ချက်များအရ သဘောတူညီခဲ့ကြသော ပြန်လည်ပြင်ဆင်ချက်များကို သတ်မှတ် ရက်အတွင်း ပြီးစီးအောင်ဆောင်ရွက်သွားရန် ညှိနှိုင်းဆွေးနွေးသည်။
သတင်းစဉ်


