ကုလသမဂ္ဂ ဒီဇင်ဘာ ၈

 

အာဖဂန်နစ္စတန်နိုင်ငံတစ်ဝန်းရှိ ပဋိပက္ခဒဏ်ခံခဲ့ရသော အာဖဂန်နိုင်ငံသား ၁၇၅၀၀၀ ကျော်အား တရုတ်နိုင်ငံမှ လှူဒါန်းသည့် ကယ်ဆယ်ရေးပစ္စည်းများကို လာမည့်သီတင်းပတ်များအတွင်း ဖြန့်ဝေပေး မည်ဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က ယနေ့ ပြောကြားသည်။

 

မီးဖိုချောင်သုံးပစ္စည်းများ၊ စောင်များအပါအဝင် အခြားသော ကယ်ဆယ်ရေးပစ္စည်းများကို နိုင်ငံ တစ်ဝန်းရှိ အိမ်ထောင်စု ၂၇၅၀၀ ကျော် သို့မဟုတ် ပြည်သူ ၁၇၅၀၀၀ ကျော်အား ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

 

အာဖဂန်နစ္စတန်ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီကိုယ်စားလှယ် အာရာဖတ် ဂျမာလ် က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးသည့်အတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

 

ခက်ခဲသည့် အချိန်များတွင် ရုန်းကန်နေရသည့် ရွှေ့ပြောင်းဒုက္ခသည် မိသားစုများအား ၎င်းတို့၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်အောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

 

တရုတ်နိုင်ငံသည် ပြီးခဲ့သောနှစ်များအတွင်း အာဖဂန်နစ္စတန်နိုင်ငံရှိ ဆင်းရဲနွမ်းပါးပြီး သဘာဝ ဘေးဒဏ်ခံခဲ့ရသော ပြည်သူများထံ မရှိမဖြစ် လိုအပ်သော ကယ်ဆယ်ရေးပစ္စည်းများကိုလည်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်