ဂျေရုဆလင် အောက်တိုဘာ ၂၃
အစ္စရေးနှင့် ဟားမားစ်တို့ကြား ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေချိန်တွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ ပေးရေးပစ္စည်းများသည် ဂါဇာ ကမ်းမြောင်ဒေသသို့ ဒုတိယနေ့ အဖြစ် ဆက်လက်ဝင်ရောက်လာခဲ့သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မိမိနှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် ဂါဇာ ကမ်းမြောင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးပစ္စည်းများ ဆက်လက် ပေးသွားရန် ဖုန်းဖြင့် အတည်ပြု ဆွေးနွေးခဲ့ကြောင်း ပြောသည်။
ဘိုင်ဒင်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ပထမဆုံးယာဉ်တန်း နှစ်တန်း ကို ကြိုဆိုကြောင်း မိမိနှင့် နေတန်ယာဟုတို့ အနီးကပ်ဆက်သွယ်ဆောင်ရွက်မှုများ ဆက်လက် လုပ်ဆောင်သွားရန် သဘောတူခဲ့ကြောင်း ပြောသည်။
လူသားချင်းစာနာထောက်ထားမှုရေးရာ ကုလသမဂ္ဂရုံး အကြီးအကဲ မာတင်ဂရစ်ဖစ်သည် အောက်တိုဘာ ၂၂ ရက်က လောင်စာဆီ၊ ဆေးဝါးနှင့် တခြားအကူအညီ ပစ္စည်းအပြည့်ဖြင့် နောက်ထပ် လူသားချင်းဆိုင်ရာ အကူအညီပေးရေး ယာဉ် ၁၄ စင်း ဂါဇာဒေသို့ ဝင်ရောက်လာပြီဖြစ် ကြောင်း လူမှုမီဒီယာပေါ်တွင် တင်ခဲ့သည်။
သို့သော်လည်း ပါလက်စတိုင်း ဒုက္ခသည်များကို ကူညီထောက်ပံ့ပေးနေသော ကုလသမဂ္ဂအေဂျင်စီ တစ်ခု၏ အကြီးအကဲဖြစ်သူ ဖီးလစ်ပီလာဇာရီနီက မိမိတို့ အေဂျင်စီသည် လာမည့်သုံးရက်အတွင်း လောင်စာဆီပြတ်တောက် တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လောင်စာဆီမရှိဘဲ ရေလည်း ရှိမည်မဟုတ်ကြောင်းနှင့် လုပ်ငန်းဆောင်ရွက်နေသော ဆေးရုံများလည်း ရှိမည်မဟုတ်ကြောင်း၊ ထို့အတူ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပစ္စည်းများလည်း ရှိမည်မဟုတ်တော့ကြောင်း ၎င်းက ပြောသည်။
အင်န်အိတ်ချ်ကေ