ပတ်ချောင်းတံတား‌ပြုပြင်ပြီးစီး၍ ကားများဖြတ်သန်းသွားလာနိုင်

mdn

မြို့သစ် ၊   ဩဂုတ်  ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့၊ စေတီကျေးရွာအနီးရှိ ပတ်ချောင်းတံတားသည် ပြုပြင်ပြီးစီးသွားပြီဖြစ်၍ ခရီးသည်တင်မော်တော်ကားများ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း လမ်းဦးစီးဌာနမှသိရသည်။

အဆိုပါပတ်ချောင်းတံတားအမှတ် (၃/၄၂)သည် ဇူလိုင်လနောက်ဆုံးအပတ်ခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချဉ်းကပ်လမ်းမြေသားနံရံရေတိုက်စားပြီးပြိုကျကာ တံတားကျိုး ကျသွားခဲ့ခြင်း ဖြစ်သည်။

၎င်း ပတ်ချောင်းတံတားသည် တမူးခရိုင်၊ မြို့သစ်မြို့၊ စေတီကျေးရွာအနီး တမူး-စေတီကားလမ်း မိုင်တိုင်အမှတ် (၄၁/၅)နှင့် (၄၁/၆)ကြားတွင်တည်ရှိပြီး အရှည်(၅၂)ပေ၊အကျယ်(၁၂)ပေခွဲရှိသည့် ဘေလီသစ်သားတံတားအမျိုးအစားဖြစ်ကာ တမူးမြို့နယ်မှတစ်ဆင့် ကဘော်ချိုင့်ဝှမ်းဒေသ အထက်ပိုင်းကျေးရွာများနှင့် ဟုမ္မလင်းမြို့နယ်သို့ ဆက်သွယ်သွားလာရာတွင် အရေးပါသည့်တံတားတစ်စင်းဖြစ်ကြောင်းသိရသည်။

ထွန်းမင်းအောင်(ကဘော်မြေ)