နေပြည်တော်   ဩဂုတ်    ၁၁

 

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပုဗ္ဗသီရိမြို့နယ် ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံသို့ အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပွဲကို ဩဂုတ် ၁၁ ရက် မွန်းလွဲပိုင်းက အဆိုပါ ဆေးရုံ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ပုဗ္ဗသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်၊  မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးသန်းနိုင်ကျော်၊ ဦးသန်းငွေနှင့် ပုဗ္ဗသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး အောင်ဇေယျာလင်းတို့က ပုဗ္ဗသီရိမြို့နယ် ခုတင်(၅၀)ဆံ့ဆေးရုံတွင် တာဝန်ထမ်းဆောင် လျက်ရှိသော ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ကြက်ဥ၊ ခေါက်ဆွဲနှင့် ကုလားပဲများ ထောက်ပံ့ပေးအပ်ရာ မြို့နယ်ခုတင်(၅၀)ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာသိမ့်သိမ့်ထွေးက လက်ခံရယူခဲ့ကြောင်း သိရသည်။

 

မျိုးသီဟ(ပြန်/ဆက်)