ပုဗ္ဗသီရိ ၂၁ ဧပြီ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်-၁၉)ရောဂါ ကြိုတင် ကာကွယ်ရန်နှင့် ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန်အတွက် နှာခေါင်းစည်း(Mask)များ ချုပ်လုပ်၍ (အခမဲ့)ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၈ နာရီက ကျည်တောင်ကန်ဈေး၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ နှာခေါင်းစည်း (Mask)များ ချုပ်လုပ်၍(အခမဲ့)ဖြန့်ဝေပေးခြင်းကို မြို့နယ်ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် အရေးပေါ်လူမှုကူညီရေးအဖွဲ့၊ ကျည်တောင်ကန် ကျေးလက် ကျန်းမာရေးဌာနနှင့် စေတနာလူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ ဈေးအတွင်းဈေးရောင်း ချသူများနှင့် ဈေးဝယ်သူများအား ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉)ရောဂါ အသိပညာပေး လက်ကမ်း စာစောင်များနှင့် နှာခေါင်းစည်း(Mask) တစ်ယောက်လျှင် တစ်ခုနှုန်းဖြင့် စုစုပေါင်း နှာခေါင်းစည်း (Mask) ၅၀ဝ ကို ချုပ်လုပ်၍(အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
"ကျွန်တော်တို့အနေနဲ့ ချုပ်ထားတဲ့ နှာခေါင်းစည်း (Mask)တွေ၊ အသိပညာပေးလက်ကမ်း စာစောင်တွေကို ပုဗ္ဗသီရိညဈေးနှင့် အခြားလူစည်ကားတဲ့ နေရာတွေမှာ ဆက်လက်ဖြန့်ဝေပေးသွား မှာဖြစ်ပါတယ်"ဟု မြို့နယ် ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် အရေးပေါ်လူမှုကူညီရေးအဖွဲ့ တာဝန်ခံ ဦးသိန်းဇော်၏ ပြောပြချက်အရ သိရသည်။
မြို့နယ်(ပြန်/ဆက်)