နေပြည်တော် ၁၇ ဧပြီ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် လူစည်ကားရာနေရာများတွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ကာကွယ်ရေး နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ညနေ ၅ နာရီက ပုဗ္ဗသီရိညဈေးနှင့် ကျည်တောင်ကန်ဈေးတို့၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် အရေးပေါ်လူမှုကူညီရေးအဖွဲ့ နာယက ဦးရည်မွန်နှင့် တာဝန်ရှိသူတို့က ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများအား အပူချိန်တိုင်းတာပေးခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်ဆေးစေခြင်းနှင့် တစ်ယောက်လျှင် နှာခေါင်းစည်း (Mask) တစ်ခုနှုန်းဖြင့် စုစုပေါင်း နှာခေါင်းစည်း (Mask) ၇၀၀ အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ကြိုတင်ကာကွယ်ရန်အတွက် ပုဗ္ဗသီရိညဈေးနှင့် ကျည်တောင်ကန်းဈေးများတွင် ဈေးရောင်းချသော ဈေးသည်များအား နှာခေါင်းစည်း (Mask) များ တပ်ဆင်၍ ခြောက်ပေအကွာတွင် ရောင်းချစေခြင်းနှင့် ဈေးဝယ်များအား နှာခေါင်းစည်း (Mask) များ တပ်ဆင်ထားမှသာ ဈေးအတွင်း ဈေးဝယ်ခွင့်ပြုထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)