နေပြည်တော် ၁၀ စက်တင်ဘာ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာတွင် စက်တင်ဘာ ၉ ရက် ည ၈ နာရီခန့်က လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပုဗ္ဗသီရိမြို့နယ် ပတ္တာနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်အောင်ပြည့်လျှမ်နှင့် တပ်ဖွဲ့ ဝင်များသည် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် နေအိမ် အပြင်ခြံဝန်းအတွင်း အမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့်လဲကျသေဆုံးနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ညောင်ပင်ကြီးစုကွက်သစ်တွင် နေထိုင်သူ ဒေါ်မော်မော်လွင်စိုး၊ ၅၂ နှစ်သည် နေအိမ် အပြင်ခြံဝန်းအတွင်း ပေါက်ပြဲပြတ်ရှဒဏ်ရာများဖြင့် သေဆုံးလျက်ရှိသည်ကိုတွေ့ရှိရသဖြင့် အလောင်းအား နေပြည်တော် (ခုတင်-၁၀၀၀)ဆေးရုံးကြီးသို့ ပို့ဆောင်ပေးခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် ပုဗ္ဗသီရိမြို့နယ် ပတ္တာနယ်မြေရဲစခန်းမှ အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကံချွန်(ပြန်/ဆက်)