နေပြည်တော် နိုဝင်ဘာ ၂၄

 

ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပုဗ္ဗသီရိမြို့နယ် စာအုပ် စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ “လူငယ်နှင့် ယဉ်ကျေးမှုတန်ဖိုး” စာအုပ်ပါအကြောင်းအရာအား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက  မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်  ကျင်းပခဲ့သည်။

 

စာဖတ်ဝိုင်းတွင်  ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းက စာဖတ်ဝိုင်းကျင်းပရခြင်းသည် အကျိုးကျေးဇူးများစွာရှိကြောင်းနှင့် စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတပြည့်ဝစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင်များဖြစ်ကြသည့် စာရေးဆရာ စိန်ဝင်းနွယ် (ဘာသာပြန်)က “ လူငယ်နှင့် ယဉ်ကျေးမှုတန်ဖိုး”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာ ရဲမွန်ကျော်မှ “ယဉ်ကျေးမှုစံနှုန်း မြှင့်ကြရအောင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာနွေဦးကိုကိုမှ “ယနေ့လူငယ်နှင့် မြန်မာ့ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမ ရဿဝတီအမေနန်းမှ “ဘာတွေ ထိန်းသိမ်းရမှာလဲ၊ ဘယ်လိုထိန်းသိမ်းရမှာလဲ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ဟန့်ညွန့် (ယဉ်ကျေးမှု)မှ "လူငယ်တွေလက်ခံနေတဲ့ ယဉ်ကျေးမှု" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက် လာကြသည့် စာဖတ်ပရိသတ်များက ပြန်လည်ဆွေးနွေးခဲ့ကြောင်း  သိရသည်။

မျိုးသီဟ (ပြန်/ဆက်)