ပုဗ္ဗသီရိ ၅ မတ်


ယမန်နေ့ ညနေပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာဒီပရပ်ကွက်အနီးရှိ စည်ပင်အမှိုက်ပုံကုန်း (၁) မှ ကျည်ဆံနှင့် ကျည်အိမ် (ကျည်ဘောက်) အဟောင်းများ တွေ့ရှိကြောင်း သိရသည်။


ဖြစ်စဉ်မှာ ယာဉ်မောင်းဆန်းထွန်းမင်း၊ အသက်(၃၁)နှစ် စည်ပင်ဝန်ထမ်းအိမ်ရာနေထိုင်သူ မောင်းနှင်လာသော 9B------(Canda) ယာဉ်သည် ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ အကွက်ကြီး (၃) မှ အမှိုက်များကိုတင်ဆောင်၍ ဇေယျာဒီပရပ်ကွက်အနီးရှိ စည်ပင်အမှိုက် ပုံကုန်း (၁) အမှိုက်ကျင်းသို့ အမှိုက်များ လာရောက်စွန့်ပစ်စဉ် စွန့်ပစ်ပစ္စည်းဟောင်းရှာဖွေသူ ချစ်ကို၊ အသက်(၂၀) နှစ် ရွှေကြာပင်ရပ်ကွက်နေထိုင်သူမှ ယာဉ်ပေါ်ပါအမှိုက်များအား ရှာဖွေရာ ပလပ်စတစ်အိတ်အတွင်းမှ MA အမျိုးအစား ကျည်အိမ်အဟောင်း (၁) ခု၊ BA-94 အမျိုးအစား ကျည်အိမ်အဟောင်း (၂) ခုနှင့် 9MM အမျိုးအစား ကျည်ဆံ (၂၂) တောင့်တို့အား တွေ့ရှိခဲ့ခြင်းဖြစ်သည်။


အဆိုပါ ကျည်အိမ်အဟောင်း (၃) ခုနှင့် ကျည်ဆံ (၂၂) တောင့်အား ပုဗ္ဗသီရိမြို့နယ် ထုံးဖိုမြို့မရဲစခန်းမှ ဒုရဲမှူးကျော်အောင်နှင့် တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးကာ သိမ်းဆည်းခဲ့ပြီး အမှတ်(၉၂၀) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း ဗိုလ်ကြီးထက်ခိုင်ဦးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)