နေပြည်တော် ဖေဖော်ဝါရီ ၄

 

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး Advocacy Meeting ကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ် ခုတင်(၅၀) ဆံ့ ပြည်သူ့ဆေးရုံ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိမ့်သိမ့်ထွေးက ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများ အားဖြည့်ဆောင်ရွက်နိုင်ရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်သူနာပြုအဆင့်(၁) ဒေါ်မိုးမိုးခိုင်က ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

အခမ်းအနားအပြီးတွင် တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးသော ကလေးများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်ကို(ပုဗ္ဗသီရိ)