ပုဗ္ဗသီရိ ၈ ဇန်နဝါရီ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အသက် (၈၅) နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ အသက် (၈၅) နှင့်အထက် သက်ကြီးဘိုးဘွားများအား သက်ကြီးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

 

mdn

 

အဆိုပါသက်ကြီးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်းကို သုံးလလျှင်တစ်ကြိမ် ပေးအပ်လျက်ရှိရာ (အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ) များအတွက် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ အသက် (၈၅)နှင့် အထက်သက်ကြီးဘိုးဘွား ၃၄၄ ဦးအား လူမှုရေးပင်စင်တစ်ဦး လျှင်ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၀၃၂၀၀၀၀ ကျပ်ကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး ဆယ်အိမ်မှူးများမှ အသက် (၈၅)နှင့်အထက် သက်ကြီး ဘိုးဘွားများထံ အိမ်အရောက် လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

 

mdn