ပုဗ္ဗသီရိ ဒီဇင်ဘာ ၈
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရေဘေးသင့် ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာကျေးရွာအုပ်စု ဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးက ရေဘေးသင့်ပြည်သူများအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်း (၂၄၇) ခုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၅၄) ကတ်ကို ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုအောင်


