ပုဗ္ဗသီရိမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် စတင် ကျောင်းအပ်လက်ခံ

နေပြည်တော် မေ ၂၃

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ မေ ၂၃ ရက် နံနက်ပိုင်းမှစတင်၍  ကျောင်းအပ်လက်ခံလျက်ရှိရာ KG မှ Grade 5 အထိ ကျောင်းသား ကျောင်းသူများကို ပုံနှိပ်တစ်စုံ၊ ဗလာစာအုပ် တစ်ဒါဇင်၊ ခဲတံ လေးချောင်း၊ ကျောင်းဝတ်စုံ တစ်စုံကိုလည်းကောင်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသားကျောင်းသူများအား ပုံနှိပ်တစ်စုံ၊ ဗလာစာအုပ် တစ်ဒါဇင်၊ ခဲတံ နှစ်​ချောင်း၊ ဘောပင် နှစ်ချောင်းကိုလည်းကောင်း အခမဲ့ထောက်ပံ့ပေးသည်။

 

ပုဗ္ဗသီရိမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ခုနစ်ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ငါးကျောင်း၊  အလယ်တန်းကျောင်း သုံးကျောင်း၊ အလယ်တန်းကျောင်း (ခွဲ) တစ်ကျောင်း၊ မူလတန်း(လွန်) ၁၄ ကျောင်း၊ မူလတန်းကျောင်း ၂၉ ကျောင်း စုစုပေါင်း ၅၉ ကျောင်းရှိကြောင်း သိရသည်။

 

သန္တာလင်း(ပုဗ္ဗသီရိ)