ပုဗ္ဗသီရိ၊ မေလ - ၂၇     

 

ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူသုံးကုန်ပစ္စည်းထုတ်လုပ်နည်းသင်တန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ  ပူးပေါင်း ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာ၊ ဆပ်ပြာဆီနှင့် ခေါင်းလျှော် ရည်ပြုလုပ်နည်းသင်တန်းဆင်းပွဲကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ၊ကျည်တောင်ကန် ကျေးရွာအုပ်စု သာယာဝှမ်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

           

ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးဦးစိုးလင်းက အဖွင့်အမှာစကားပြောကြားပြီး  တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းမှထွက်ရှိသော လူသုံးကုန် ပစ္စည်းများကို ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ဥတ္တရခရိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးစိုးလင်းက သင်တန်းသား၊ သင်တန်းသူများ ပြုလုပ် ထားသည့် ပစ္စည်းများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

မျိုးသီဟ(ပြန်/ဆက်)