နေပြည်တော် ၁၃  ဇွန်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းတွင်းစစ်၊ စတုတ္ထတန်းနှင့် အဌမတန်းတို့၏ အောင်စာရင်းနှင့် အထက်တန်းအဆင့် ပြီးမြောက်ကြောင်းလက်မှတ် ပေးအပ်မည့်စာရင်းများ ထုတ်ပြန်ခြင်းကို ယနေ့နံနက် ၆ နာရီမှစတင်၍ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင် ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ ထုတ်ပြန်ခဲ့သည်။

"ကျွန်မတို့မြို့နယ်အနေနဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ အခြေခံပညာကျောင်း ၅၉ ကျောင်း၊ ကိုယ်ပိုင်းကျောင်း ၁၀ ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၄ ကျောင်း စုစုပေါင်း ၇၃ ကျောင်း ရှိပါတယ်။  စတုတ္ထတန်းကို ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၃၉၈ ဦး၊ အဌမတန်းကို ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၀၀၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး အောင်ချက်အနေနဲ့ ၁၀၀ ရာခိုင်နှုန်း အောင်မြင်ပါတယ်" ဟု မြို့နယ် ပညာရေးမှူး ဒေါ်ဦးအေးခင်က ပြောသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ် Grade-10(နဝမတန်း) ကျောင်းတွင်းစစ် ပြင်ပဖြေစာမေးပွဲနှင့် Placement Test စစ်ဆေးခြင်းကို ဇူလိုင် ၄ ရက်မှ ၆ ရက်အထိ စစ်ဆေးသွားမှာဖြစ်ပြီး အောင်စာရင်းကို ဇူလိုင် ၁၁ ရက်တွင် ထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)