ပုဗ္ဗသီရိ ၊ ၂၆ ဇန်နဝါရီ
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စုများ၏ ထပ်တိုးတင်ပြထားသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ဇန်နဝါရီ ၂၅ ရက် ညနေ ၄ နာရီက ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပုဗ္ဗသီရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်က ထောက်ပံ့ငွေပေးအပ်ရသည့် ရည်ရွယ်ချက်များ၊ ထောက်ပံ့ငွေများပေးအပ်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျပေးအပ်သွားရန်နှင့် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အခြေခံလူတန်းစာများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သွားကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ အိမ်ထောင်စုများ၏ ထပ်တိုးတင်ပြထားသည့်အိမ်ထောင်စု ၃၅၁၁ စုအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၇၀၂၂၀၀၀၀ ကိုသက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့သည်။
အဆိုပါ အခြေခံအိမ်ထောင်စုများလက်ဝယ်အရောက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများကကြီးကြပ်၍ သက်ဆိုင်ရာရပ်ကွက် /ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့က ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းမှစတင်ကာ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


