နေပြည်တော်၊ ၇ ဒီဇင်ဘာ

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာအနီး မိုင်တိုင် (၂၃၈/၇-၈)ကြား၌ ဒီဇင်ဘာ ၆ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်က ရထားတိုက်မိမှုဖြစ်ပွား၍ အမျိုးသား ၁ ဦး သေဆုံးသွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် အမှတ်(၃၄၄) အဆန်ရထားသည် အခင်းဖြစ်နေရာအရောက် ရထားသံလမ်းပေါ်တွင် အိပ်နေသူ လယ်သာကျေးရွာနေ အောင်ဇင်ဦး (၁၃)နှစ်အား  ရထားဖြင့် တိုက်မိခဲ့ရာ အောင်ဇင်ဦးတွင် ဒဏ်ရာများရရှိခဲ့သဖြင့် ပုဗ္ဗသီရိမြို့နယ်၊ ခုတင် (၃၀၀) ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသစဉ် သေဆုံးသွားခဲ့သောကြောင့်  အောင်ဇင်ဦးအား ထုံးဖိုမြို့မရဲစခန်း (ပ)၁၂၄/၂၀၂၀၊  မီးရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ ၈၅ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲပြန်ကြား