နေပြည်တော် ဇွန် ၂၂
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာ အုပ်စုအမှတ်(၁၅)အခြေခံပညာ အထက်တန်းကျောင်း၌ အမျိုးသမီးရေးရာအဖွဲ့နှင့် ဓမ္မကျောင်းတော်အဖွဲ့တို့ ပူးပေါင်း၍ ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်လွင်မီသင် က အမှာစကား ပြောကြားသည်။
ထို့နောက် နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးပပ က အမျိုးသမီးရေးရာအဖွဲ့၏ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များမှ တစ်ရပ်ဖြစ်သော အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကို ဟောပြောသည်။
ဆက်လက်၍ ပုဗ္ဗသီရိမြို့နယ် ဓမ္မကျောင်းတော် ဖြစ်မြောက်ရေး ကော်မတီနာယက ဆရာမကြီး ဒေါ်ခင်မေဝင်းက ဓမ္မကျောင်းတော်ဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများအား ဗလာစာအုပ်နှင့် အလှူငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


