နေပြည်တော် ၁၁ ဧပြီ

 

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေ ကျပ်သန်း(၁၀ဝ) လွှဲပြောင်းပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

22

 

ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ မဆောင်ရွက်မီ လုပ်ငန်းကော်မတီများအနေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းအပေါ် ရပ်ကွက်/ကျေးရွာနေ ပြည်သူများအား ပွင့်လင်းမြင်သာစွာ ချပြဆွေးနွေးသွားကြရန်၊ လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ လုပ်ဆောင်သွားရန်နှင့် လုပ်ငန်းတစ်ခုလုံး၏ ရငွေသုံးငွေ စာရင်းများကို ပြည်သူများအား ပွင့်လင်းမြင်သာစွာသိရှိနိုင်ရေး ချပြရှင်းလင်းသွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေ ကျပ်သန်း(၁၀ဝ)ကို ရပ်ကွက်/ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

 

အဆိုပါအခမ်းအနားသို့ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်း၊ ရပ်ကွက်/ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေး အဖွဲ့တာဝန်ရှိသူများ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)