ပုဗ္ဗသီရိ  ၂၇  ဇန်နဝါရီ

 

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖွင့်ပွဲအထိမ်းအမှတ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁၃) အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

 

985652

 

အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ ၂၀ ဦးနှင့် ပန်းချီပြိုင်ပွဲတွင် ၁၃ ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ ၃၀ ဦးနှင့် ပန်းချီပြိုင်ပွဲတွင် ၂၂ ဦး၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ ၂၃ ဦးနှင့် ပန်းချီပြိုင်ပွဲတွင် ၂၀ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၁၂၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

 

ပြိုင်ပွဲတွင် အတန်းလိုက် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုများရရှိသော ကျောင်းသား ကျောင်းသူများကို ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျင်းပပြုလုပ်မည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ဖွင့်ပွဲ၌ ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဗိုလ်ချုပ်ကြေးရုပ်မှာ သံလွင်လမ်းနှင့် ဇော်ဂျီလမ်းကြား ပုဗ္ဗသီရိ ညဈေးအနီးတွင် တည်ရှိပြီး အလျားပေ ၃၀ဝ၊ အနံပေ ၁၀ဝ ရှိ မြေကွက်လပ်ပေါ်တွင် ကြေးရုပ် အမြင့် ၉ ပေ၊ ကြေးပိဿာချိန် ၃၀ဝ ရှိကြောင်း သိရသည်။

 

ကံချွန်(ပြန်/ဆက်)