ပုဗ္ဗသီရိ ၈  နိုဝင်ဘာ 
 
နေပြည်တော် ဥတ္တရခရိုင် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား ကျောင်းသူများ မှတ်ဉာဏ်စွမ်းရည် တိုးတက်မြင့်မားလာစေရန်နှင့် ရဲဝံ့စွာပြောဆိုတတ် စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောခြင်းနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဇီးကုန်းကျေးရွာအုပ်စု၊ အောင် ပန်းကျေးရွာ အ.မ.က မူလတန်းကျောင်း၌ ပြုလုပ်သည်။
 
အဆိုပါစာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ (၂၀) ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသားကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်သန္တာလင်း၊ မြို့နယ်ပညာရေးမှူးရုံးမှလက်ထောက်ပညာရေးမှူး ဒေါ်ဇာလီမင်းနှင့် တာဝန်ရှိသူများမှ ဆု လက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။ 
 
ကံချွန်(ပုဗ္ဗသီရိ)