ပုဗ္ဗသီရိ ဇန်နဝါရီ ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်အတွင်းရှိရပ်ကွက်/ ကျေးရွာများသို့ Working Group မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်ခြင်းကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်မှ စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများ အသီးသီးသို့ တစ်ပြိုင်နက် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
အဆိုပါ (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနိုင်ရေးလုပ်ငန်းစဉ်တစ်ရပ်လုံး ပြီးမြောက်အောင်မြင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စာရင်းကောက်ယူရေးအဖွဲ့များက လာမည့်အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းရလဒ်မှန်ကန်စေရေးအတွက် ဖွဲ့စည်းထားရှိသည့် ( Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဝင်များဖြင့် ပုဗ္ဗသီရိမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုအသီးသီး၌ လူဦးရေဆိုင်ရာစာရင်းအချက်အလက်များနှင့် မသန်စွမ်း(၅)မျိုးစာရင်းအား တစ်အိမ်တက်ဆင်း စာရင်းကောက်ယူခဲ့ကြသည်။
ပုဗ္ဗသီရိမြို့နယ်တွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် Working Group မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနေမှုများအား မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ဇန်နဝါရီလ ၃၁ ရက်နေ့နောက်ဆုံးထား၍ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
သားငယ် (ပုဗ္ဗသီရိ)