ပုဗ္ဗသီရိ ၊ ဒီဇင်ဘာ  ၁၀

           

ပုဗ္ဗသီရိမြို့နယ်တွင် ကိုဗစ်၁၉ရောဂါ ကူးစက်ခြင်းဖြစ်စဉ်များ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်လာနိုင်ပြီဖြစ်ရာ ယာယီပိတ်သိမ်းထားသည့် အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများကို နိုဝင်ဘာလ ၂၅ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ရာ ယနေ့အချိန်အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ယနေ့အချိန်ထိ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

          

နိုင်ငံတစ်ဝန်းရှိ မြို့နယ်အချို့တွင်  ကိုဗစ်-၁၉ရောဂါကူးစက် ရောဂါများ ဖြစ်ပွားမှု မြင့်တက်ခဲ့သဖြင့် လူအများစုဝေးရာ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာတစ်ချို့အား ယာယီပိတ်သိမ်းထားခဲ့ရာမှ ယခုအချိန်တွင် အတိုင်းအတာတစ်ခုအထိ ကိုဗစ်၁၉ရောဂါ ကူးစက်မှုကို ထိန်းချုပ်လာနိုင်ပြီဖြစ်သောကြောင့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဈေးများအား ပြန်လည်ဖွင့်လှစ်ပေးထားရာ စျေးရောင်းစျေးဝယ်များဖြင့် စည်ကားလျက်ရှိသည်။

           

ယင်းသို့ဖွင့်လှစ်ခွင့်ပြုပေးရာတွင် ပြည်သူများအနေဖြင့် ရောဂါထိန်းချုပ်ရေး စည်းကမ်းချက်များကိုမှု ပေါ့လျော့မှုမရှိစေရေးနှင့် တိကျစွာလိုက်နာကြရန် တာဝန်ရှိအဖွဲ့အစည်းများက စဉ်ဆက်မပြတ်နှိုးဆော် အသိပေးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

 

 မျိုးသီဟ(ပြန်/ဆက်)