ပုဗ္ဗသီရိ  ၂၃  ဧပြီ


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ ကျည်တောင်ကန်အုပ်စုအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရည်မွန်၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် အရေးပေါ်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် စေတနာ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတို့က ကျည်တောင်ကန်အုပ်စုအတွင်းရှိ တိုက်သစ်ကျောင်း၊ မှန်ကျောင်း၊ မြို့ဦးကျောင်း၊ တံခွန်တိုင် ကျောင်း၊ ကမ္မဌာန်းကျောင်း၊ သဇင်လှဘုန်းတော်ကြီးကျောင်းတို့၌ ပိုးသတ်ဆေးများ ပက်ဖျန်းပေးခဲ့သည်။ 

 

"ကျွန်တော်တို့အနေနှင့် ပိုးသတ်ဆေးဖျန်းတာတွေကို ယခုလို ဘုန်းကြီးကျောင်းတွေအပြင် ပရဟိတကျောင်းတွေ၊ ဘူတာရုံတွေမှာလည်း ဖျန်းပေးပါတယ်၊ ပြီးတော့ နှာခေါင်းစည်း အခမဲ့ဝေပေးတာတွေ၊ အသိပညာပေး တာတွေကိုလည်း ဆောင်ရွက်နေပါတယ်။ နောက်ထပ်လည်း မြို့နယ်အတွင်းက ရပ်ကွက်တွေ၊ ကျေးရွာတွေမှာ ဆက်လက်ဆောင်ရွက်သွားမှာပါ" ဟု မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် အရေးပေါ် လူမှုကူညီရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဇာနည်သွေးက ပြောသည်။

 

ယင်းအပြင် ဆိုဒီယမ်ဟိုက်ပိုကလိုရိုက် ပိုးသတ်ဆေးအလှူရှင်များ လိုအပ်လျက်ရှိကြောင်း ၎င်းကဆက်လက် ပြောပြသည်။

 

ကံချွန်(ပြန်/ဆက်)