နေပြည်တော်၊ ဒီဇင်ဘာ ၅

 

၂၀၂၄ ခုနှစ် ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ တာဝန်ရှိသူများ၊ အုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သည် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ နိုင်ငံ၏ ဂုဏ်ထူးဆောင် အားကစားသမား လက်ရွေးစင်များ ပေါ်ထွန်းစေရေးနှင့် နိုင်ငံအနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို နိုင်ငံတော်၏ ရည်မှန်းချက်အဖြစ် ချမှတ်အကောင်အထည်ဖော် အားကစားသမားများအနေဖြင့် အားကစား စိတ်ဓာတ်အပြည့်အဝဖြင့် ကြိုးပမ်းယှဉ်ပြိုင်ရန်နှင့် အားကစားပြိုင်ပွဲတွင် အောင်မြင်မှုများရရှိခြင်းသည် ဝန်ကြီးဌာန၏ဂုဏ်ကို မြှင့်တင်ပေးရုံ သာမက နိုင်ငံ၏အားကစားကဏ္ဍ မြှင့်တင်ရာ ရောက်ကြောင်းမှာကြားပြီး အားကစားအသင်းများ၏ အဖွဲ့ခေါင်းဆောင်များကို အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

 

ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန၊ ကိုယ်စားပြုအသင်းမှ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်နှင့် ဂေါက်သီးရိုက် စသည့် အားကစားနည်းများ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်