၁၇ ဇူလိုင်
ပြင်သစ်သမ္မတ မက်ကွန် နဲ့ နီးစပ်တဲ့ ပြင်သစ်အစိုးရရဲ့ ထိပ်တန်းဝန်ကြီး ဖရန်စစ်ဒီရုဂီဟာ ပြည်သူ့ဘဏ္ဍာငွေကို အသုံးပြုပြီး ပုစွန်ထုပ်ဟင်းနဲ့ ညစာစားသုံးခြင်းနဲ့ အစိုးရပိုင်အိမ်ကို အလွဲသုံးစား ပြုလုပ်ခြင်းတို့ကြောင့် ရာထူးကနေ မနေ့က နှုတ်ထွက်ခဲ့ရကြောင်း သိရပါတယ်။

ဒီရုဂီဟာ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ သဘာဝပတ်ဝန်းကျင်ဝန် ဝန်ကြီးရာထူးကို ရရှိခဲ့ပါတယ်။ ဒီရုဂီနဲ့ သူ့ဇနီး သတင်းထောက်အမျိုးသမီးတို့ဟာ ၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်ရဲ့ ဗင်လင်တိုင်းမ်နေ့တွေမှာ ရှန်ပိန်နဲ့ ပုစွန်ထုပ်ဟင်း တို့နဲ့ ညစာစားသုံးရာတွင် ပြည်သူ့ဘဏ္ဍာငွေကို သုံးစွဲခဲ့ကြပါတယ်။

၂၀၁၇ ခုနှစ်က သူဟာ လွှတ်တော် ဥက္ကဌ တာဝန်ယူထား ခဲ့ပါတယ်။ဒီရုဂီက ရှန်ပိန်က သူ့အား ခေါင်းကိုက်စေတဲ့အတွက် ရှန်ပိန်ကို မကြိုက်သလို ပုစွန်ထုပ်က သူ့အရေပြားကို ယားယံစေတယ် အဲဒီတွက် သူအမှားမလုပ်ဖူးလို့ ပြီးခဲ့တဲ့ သီတင်းပတ်က အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

နောက်ထပ် သတင်းတစ်ပုဒ်အရ သူဟာဆံပင်ဆိုးဆေးဝယ်ယူဖို့အတွက် ယူရိုငွေ ၅၀၀နဲ့ အစိုးရပိုင် အခန်းကို ပြန်လည်ပြင်ဆင်ရာတွင် ယူရိုငွေ ခြောက်သောင်းသုံးထောင်ကို ပြည်သူ့ဘဏ္ဍာငွေထဲမှ အသုံးပြုခဲ့ကြောင်း တွေ့ရှိရပါတယ်။ရာထူးက နှုတ်ထွက်ခဲ့တဲ့ ဒီရုဂီနေရာကို သယ်ယူပို့ဆောင်ရေးဝန်ကြီး အယ်လီဇဘတ်ဘွန်းကို လျာထားကြောင်း သိရပေမယ့်သူမဟာ အစိုးရအဖွဲ့ဝင် ဝန်ကြီးရာထူးကို ရရှိမှာ မဟုတ်ဘူးလို့ သိရပါတယ်။

MDN
ကိုးကား - AFP