၂ မေ

 

လူမှုကွန်ရက် ဖေ့စ်ဘုတ် မှာ သုံးစွဲသူတွေရဲ့ ပုဂ္ဂလိက လုံခြုံရေးအတွက် တိုးမြှင့်ဆောင်ရွက်မယ် ဆိုတာကို မက်ခ်ဇူကာဘတ်က မနေ့က ပြောလိုက်ပါတယ်။ ဒီကြေညာချက်ကို ကယ်လီဖိုးနီးယားမှာ ပြုလုပ်နေတဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ ပြောလိုက်တာပဲ ဖြစ်ပါတယ်။ အသစ်တိုးလိုက်မယ့် လုပ်ဆောင်ချက်ကတော့ “Clear History” ဆိုတဲ့ သုံးစွဲသူက သူသိချင်တာကို ရှာတဲ့ အချက်အလက်တွေကို ပြန်လည် ဖျက်နိုင်ဖို့ ဖြစ်ပါတယ်။ 

 

ဒါ့အပြင် ဖေ့စ်ဘုတ်မှာ “Online Dating” ဆိုတဲ့ အင်တာနက် အွန်လိုင်းပေါ်ကနေ ဖူးစာရှာ လို့ရတဲ့ အချက်ကိုလည်း ထပ်တိုး လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။ 

 

ဖေ့စ်ဘုတ်ကို သုံးစွဲသူတွေရဲ့ ပုဂ္ဂလိက သတင်းအချက်လက်တွေ မသမာသူတွေ လက်ထဲ မရောက်အောင် လုပ်ဆောင်သွားမယ်လို့ အတိအလင်း ပြောကြားသွားပါတယ်။ 

 

MDN

ကိုးကား- NHK