မန္တလေး ၁၇ သြဂုတ်
ပုဂ္ဂလိကဆေးရုံများအသင်း (အထက်မြန်မာပြည်) အသင်းဝင်ဆေးရုံများမှ ရေဘေးသင့်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လှူဒါန်းမှုအတွက် ကျေးဇူးတင်စကားပြောကြားပြီး အလှူငွေများကို စနစ်တကျထိရောက်စွာ အသုံးပြုသွားမည်ဖြစ်ကာ မည်ကဲ့သို့ အသုံးပြုမည်ဆိုသည်ကို အလှူရှင်များထံ အသိပေးအကြောင်းကြားသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပုဂ္ဂလိကဆေးရုံများအသင်း (အထက်မြန်မာပြည်) ဥက္ကဋ္ဌ ဒေါက်တာကြည်ရွှင်က အလှူရှင်များကိုယ်စား လှူဒါန်းမှုအကြောင်းကို ရှင်းလင်းပြောကြားသည်။
မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ ကျိုင်းတုံ၊ တောင်ကြီး၊ လွိုင်လင်၊ မကွေး၊ ကလေးနှင့် မုံရွာမြို့များရှိ ပုဂ္ဂလိကဆေးရုံများအသင်း (အထက်မြန်မာပြည်) အသင်းဝင် ဆေးရုံ (၂၁) ရုံမှ ငွေကျပ် ၂၂၀၅၀ဝ၀ဝ တန်ဖိုးရှိသော သန့်ရှင်းသည့် သောက်သုံးရေရရှိရေး အသုံးပြုသည့် ကလိုရင်းဆေးမှုန့်စည် (၂၁၀)နှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန် အလှူငွေကျပ် ၉၃၅၀ဝ၀ဝ စုစုပေါင်းငွေကျပ် (၃၁၄) သိန်းကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။
သတင်းစဉ်


