နေပြည်တော်  ၁  စက်တင်ဘာ 


ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိ က ကဏ္ဍပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ ချမှတ်ခြင်း နှီးနှောဖလှယ်ပွဲကို ယနေ့ နံနက်၁၀ နာရီတွင် မုံရွာမြို့ ဝင်းယူနတီဟိုတယ်၌ ကျင်းပသည်။


နှီးနှောဖလှယ်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က နှီးနှောဖလှယ်ပွဲကို ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ ချမှတ်နိုင်ရေး၊ ဒေသတွင်းလုပ်ငန်းများတွင် လိုအပ်လျက်ရှိသောလက်တွေ့ကျွမ်းကျင်မှု(Soft Skill ,Hard Skill) လိုအပ်ချက်များဖော်ထုတ်နိုင်ရေး၊ ဒေသမှ တောင်းဆိုမှုအများဆုံးဖြစ်သည့် သင်တန်း အမျိုးအစားတစ်မျိုး စတင်ဖွင့်လှစ်နိုင်ရေး၊ ဖွင့်လှစ်မည့်သင်တန်းများကို ရေရှည်တည် တံ့ဖွံ့ဖြိုးနိုင်မည့် အစီအစဉ်များ ဖော်ထုတ်နိုင်ရေးတို့ကို ရည်ရွယ်ကျင်းပခြင်းဖြစ် ကြောင်း၊  ပညာရေးဝန်ကြီးဌာနအနေဖြင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ကဏ္ဍ (Technical and Vocational Education and Training–TVET) ကို တာဝန်ယူ၍ ပုဂ္ဂလိကကဏ္ဍလူသား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်ပေးနေပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် အစိုးရစက်မှု လက်မှု သိပ္ပံကျောင်း များနှင့် အစိုးရနည်းပညာ အထက်တန်း ကျောင်းများတွင် ပုံမှန်အင်ဂျင်နီယာ သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသကဲ့သို့ ချက်ခြင်း အလုပ်အကိုင်ရရှိရေးအတွက် အထောက်အကူပြုစေမည့် ဒေသနှင့်ကိုက်ညီသော ကာလတို သက်မွေးပညာ သင်တန်းများကို ဖွင့်လှစ်သင်ကြားပေး လျက်ရှိပါကြောင်း။ 


ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်၍ လူငယ်များကျွမ်းကျင်မှုပြည့်ဝစွာဖြင့် ချက်ခြင်း အလုပ်အကိုင်ရရှိရေးအတွက် အခွင့်အလမ်းပေးနိုင်ခဲ့ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် TVET ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အခြေခံလိုအပ်ချက်၊ စိန်ခေါ်မှုများ၊ အခက်အခဲများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ဖော်ထုတ်သိရှိနိုင်ရေးအတွက် စီးပွားရေးအချက်အချာ ဒေသဖြစ်သည့် ရန်ကုန်၊မန္တလေး၊ မကွေး၊ ပုသိမ်၊ လားရှိုးနှင့် မော်လမြိုင်စသည့် မြို့ကြီးများရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ညှိနှိုင်းအဖြေရှာ ခြင်းများ လုပ်ဆောင်နိုင်ရန် ယခုကဲ့သို့ နှီးနှောဖလှယ်ပွဲကို ကျင်းပပြုလုပ် ခြင်းဖြစ် ပါကြောင်း၊ နှီးနှောဖလှယ်ပွဲ၏ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် ညီညီ ညွတ်ညွတ် ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်ပေးကြရန်နှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက် အဘက်ဘက်က ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် ပညာရေးကဏ္ဍများနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍပူးပေါင်းဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားသည်။


ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်၊ စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးမျိုးမင်းကျော်သီဟ နှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်တို့က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားကြပြီး နှီးနှောဖလှယ်ပွဲကိုအစီအစဉ်အတိုင်းဆက်လက်ကျင်းပသည်။


ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက် ၈ နာရီခွဲတွင် မုံရွာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသော အမျိုးသားမူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များ ကော်မတီအတွေ့အကြုံရှင်းလင်းပွဲသို့ တက်ရောက်၍ အဆင့်မြင့်ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  လိုအပ်ချက်များအခြေခံကာ ရေတို၊ ရေရှည်စီမံကိန်း လုပ်ငန်းများပြုစုပြီး အသုံးချသုတေသန၊ သင်ကြားသင်ယူရေးနည်းလမ်းများ၊ လက်တွေ့ အကျိုးပြု ဘွဲ့သင်တန်းများ၊ စီမံခန့်ခွဲရေးနှင့် အရည်အသွေး အာမခံမှုပြည့်ဝရေးတို့ အကောင် အထည်ဖော်ဆောင်ရွက်ရန်အတွက် ကျောင်းသားသမဂ္ဂများ၊ ဆရာသမဂ္ဂ များနှင့် ပါမောက္ခချုပ်၊ ဆရာဆရာမများ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းက အမှာစကားပြောကြားပြီး ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဇော်ဝေစိုးက ဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ အတွေ့အကြုံ ရှင်းလင်းပွဲအား အစီအစဉ်အတိုင်းဆက်လက်ကျင်းပသည်။


အဆိုပါ ဆွေးနွေးပွဲသို့ ကချင်ပြည်နယ်၊ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ကောလိပ်များမှ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာဆရာမများ၊ ဌာနမှူးများ၊ ဆရာသမဂ္ဂကိုယ်စားလှယ်၊ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 


(သတင်းစဉ်)

 

DSC_07