နေပြည်တော် ၂၅ ဇန်နဝါရီ

 

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးရရှိစေနိုင်မှုဆိုင်ရာများ ဆောင်ရွက်ရေး လုပ်ငန်းကော်မတီနှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဥတ္တရသီရိမြို့နယ်၊ သစ်လုပ်ငန်းရှင်များအသင်းရုံး၌ ကျင်းပခဲ့ရာ ငွေကြေးရရှိစေနိုင်မှုဆိုင်ရာများ ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီမှ ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန်၊ မြန်မာနိုင်ငံ ဘဏ်များအသင်း ဒုတိယဥက္ကဋ္ဌ (၄) ဦးရဲမင်းဦး၊ ဥတ္တရသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်နှင့် ပြည်ထောင်စုနယ်မြေ(နေပြည်တော်) အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနေလင်းထိုက်တို့က MSME လုပ်ငန်းရှင်များမှ လိုအပ်သည့် ချေးငွေရရှိရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ရှင်းလင်းဆွေးနွေးကြသည်။

 

ဆက်လက်၍ ငွေကြေးရရှိစေနိုင်မှုဆိုင်ရာများ ဆောင်ရွက်ရေးလုပ်ငန်းကော်မတီဝင်များက ဌာနအလိုက် ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြကြပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များက SMEs ချေးငွေလျှောက်ထားရာတွင် တင်ပြရသည့်စာရွက်စာတမ်းများနှင့် ချေးငွေရယူရန် သတ်မှတ်ချက်များ ဖြေလျော့ပေးရေးကိစ္စ၊ နှစ်ရှည်ချေးငွေများကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးရေးကိစ္စ၊ အခွန်ပေးဆောင်ရာတွင် ကြုံတွေ့နေရသည့် ကိစ္စရပ်များအား ဆွေးနွေးတင်ပြကြရာ ငွေကြေးရရှိစေနိုင်မှုဆိုင်ရာများ ဆောင်ရွက်ရေးလုပ်ငန်းကော်မတီဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြပြီး ပုဂ္ဂလိကကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် ငွေကြေးရရှိစေနိုင်မှုဆိုင်ရာများ ဆောင်ရွက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

 

အဆိုပါ အခမ်းအနားသို့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးရရှိစေနိုင်မှုဆိုင်ရာများ ဆောင်ရွက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်  ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ    ဦးနေလင်းထိုက်၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့မှ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအသင်း (နေပြည်တော်) ၏ ညီနောင်လုပ်ငန်းစု အဖွဲ့ဝင်များ စုစုပေါင်း   ၁၆၀ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

 

MDN