ထားဝယ် ၃၁ ဇန်နဝါရီ 

 

တနင်္သာရီတိုင်းဒေသကြီး၊ ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေး လုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ၊ ထားဝယ်ခရိုင် / မြို့နယ်ယာဉ်ကြီးကြပ် ကော်မတီဝင်များ ရွေးချယ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့ မြို ့တော်ခန်းမ၌ ကျင်းပသည်။

 

mdn


အခမ်းအနားတွင် ထားဝယ်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးမင်းရဲထွန်းက အဖွင့်အမှာစကား ပြောကြားရာ၌ တနင်္သာရီတိုင်းဒေသကြီး ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေးဥပဒေ၊ နည်းဥပဒေများအရ ထားဝယ်ခရိုင် ယာဉ်ကြီးကြပ်နှင့် ထားဝယ်မြို့နယ်ယာဉ်ကြီးကြပ်ကို ၆.၂.၂၀၁၄ ရက်တွင် စတင်ဖွဲ့စည်းပြီးယခု (၅) နှစ်ပြည့် ကာနီးဖြစ်ကြောင်း၊ နည်းဥပဒေအရ ကော်မတီ၏ သက်တမ်းသည် (၃) နှစ်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့်  သက်တမ်း (၃)နှစ် ပြည့်ခဲ့စဉ်က မရွေးချယ်နိုင်ဘဲ ယခု ပြန်လည်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတိုင်းဒေသကြီး စနစ်တကျဖွံ့ဖြိုးတိုးတက်ရန် သယ်ယူပို့ဆောင်ရေး ကဏ္ဍသည်လည်း အရေးကြီးသောနေရာမှာ ပါဝင်သောကြောင့် ယာဉ်များကို အနီးကပ်ကြီးကြပ်မည့် ယာဉ်ကြီးကြပ်များ အားကောင်းဖို့လိုကြောင်း၊ ရွေးချယ်ခံရပြီး အသစ်ဖြစ်လာမည့် ယာဉ်ကြီးကြပ်ကော်မတီများ အနေဖြင့် မိမိကျရာ အခန်းကဏ္ဍမှနေပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ လုပ်ကိုင်ဆောင်ရွက်သွားရန် လိုကြောင်း ပြောကြားသည်။

 

mdn


ဆက်လက်၍ တိုင်းဒေသကြီး ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ အတွင်းရေးမှူး  ဦးကျော်စွာထွန်း က "မဲပေးရွေးချယ်မည့် စည်းမျဉ်းစည်းကမ်းများ"နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး တက်ရောက်လာကြသူများက မိမိတို့ကြိုက်နှစ်သက်သည့် ရွေးချယ်ခံ ယာဉ်ကြီးကြပ် ကော်မတီဝင် (၁၃) ဦးအနက် (၇) ဦးအား ဆန္ဒမဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့ကြသည်။


အဆိုပါအခမ်းအနားသို့ ထားဝယ်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးမင်းရဲထွန်း၊ တိုင်းဒေသကြီး ပုဂ္ဂလိက ယာဉ်များ ပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီအတွင်းရေးမှူး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ယာဉ်ပိုင်ရှင်များ၊ ယာဉ်လိုင်းတာဝန်ခံများ၊ ဂိတ်မှူးများ၊ သုံးဘီးပိုင်ရှင်များ၊ ရွေးချယ်ခံမည့် ခရိုင်/မြို့နယ် ကော်မတီဝင်လောင်း(၁၃)ဦး တက်ရောက်ခဲ့ကြောင်း ထားဝယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။

 

mdn


MDN