ညောင်ဦး ဖေဖော်ဝါရီ ၁
ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အလိုတာ်ပြည့်ဘုရားကြီး ရင်ပြင်တော် သန့်ရှင်း သာယာလှပစေရေးအတွက် ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက ညောင်ဦးမြို့နယ် ဌာနဆိုင်ရာ ၅၄ ခုမှ ဝန်ထမ်း ၁၅၀ က စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံမှ သိရသည်။
စုပေါင်းသန့်ရှင်းရေး ပြုလုပ်ရာသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်အဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် အဖွဲ့ဝင်များက လာရောက် ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)


