ညောင်ဦး ဖေဖော်ဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားစေတီပုထိုးများ သန့်ရှင်းသာယာလှပစေရန်နှင့် ဘုရားဖူးပြည်သူများ စိတ်အေးချမ်းစွာ ဖူးမြော်ကြည်ညိုနိုင်ရန် ရည်ရွယ်၍ အပတ်စဉ် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၅ ရက်က Bagan Plastic Campaign အဖွဲ့ ဦးဆောင်သော ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပုဂံမြို့ဟောင်းရှိ ရွှေဆံတော်ဘုရားကြီး ပရိဝုဏ်အတွင်းအပြင်နှင့် ပုဂံမြို့သစ်သွား ကားလမ်းဘေး(ဝဲ ၊ ယာ)သို့ သွားရောက်ပြီး Plastic Campaign စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ခြင်းကို Bagan Plastic Campaign အဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ Bagan Golf Club အဖွဲ့မှ မန်နေဂျာနှင့် ဂေါက်ကွင်းဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ စုပေါင်းအဖွဲ့က ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသ သန့်ရှင်းသာယာလှပစေရန်နှင့် ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်လည်ပတ် ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် ပုဂံမြို့ဟောင်းရှိ ရွှေဆံတော်ဘုရားကြီး ပရိဝုဏ် အတွင်းအပြင်နှင့် အနီးတစ်ဝိုက်ရှိ ရှေးဟောင်းဘုရားစေတီပုထိုးများ၊ ပုဂံမြို့သစ်သွား ကားလမ်းဘေး(ဝဲ ၊ ယာ)တို့ရှိ စွန့်ပစ် ပလတ်စတစ်အမှိုက်များကို စနစ်တကျ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ရဲဝင်းနိုင်(ညောင်ဦး)