နေပြည်တော်  ၁၈  ဖေဖော်ဝါရီ

    

၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်နေ့ (၁၇:ဝ၅)နာရီတွင် ရစ်ချ်စတာစကေး (၆.၈) အဆင့် မြေငလျင် လှုပ်ခတ်မှုကြောင့် ပုဂံ၊ မြောက်ဦး၊ စစ်ကိုင်း၊ မကွေးစသည့် ယဉ်ကျေးမှုအမွေအနှစ် ဒေသများရှိ ရှေးဟောင်းအဆောက်အအုံအချို့ ပျက်စီးမှုရှိခဲ့ရာ အများဆုံးပျက်စီးမှုမှာ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသဖြစ်ပြီး ကွင်းဆင်းစာရင်း စစ်ဆေးကောက်ခံမှုအရ (၃၈၉)ဆူ ပျက်စီးခဲ့သည်။ ငလျင်ဒဏ်ခံ ရှေးဟောင်းအဆောက်အအုံများ အရေးပေါ်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ပြည်တွင်း/ ပြည်ပပညာရှင်များ၏ အကြံပြုချက်များနှင့်အညီ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ  ရာနှုန်းပြည့် ပြီးစီးခဲ့ပြီး ဖြစ်သည်။ ငလျင်ဒဏ်ခံ ရှေးဟောင်းအဆောက်အအုံများ ပျက်စီးမှုအခြေအနေများကို စိစစ်ချက်အရ ပထမဦးစားပေး ပြုပြင်ထိန်းသိမ်းရန် (၃၆)ဆူ၊ ဒုတိယဦးစားပေး ပြုပြင်ထိန်းသိမ်းရန် (၅၃)ဆူနှင့် ပျက်စီးမှု အနည်းငယ်သာရှိသည့် တတိယဦးစားပေး ပြုပြင် ထိန်းသိမ်းမည့် (၃၀ဝ)ဆူအဖြစ် ကနဦး သတ်မှတ်ခဲ့ပြီး နိုင်ငံတကာပညာရှင်၊ ပြည်တွင်းပညာရှင်များ ညှိနှိုင်း ဆွေးနွေးမှုအရ ပထမဦးစားပေး၊ ဒုတိယဦးစားပေးနှင့် တတိယဦးစားပေး (၃၀ဝ)ဆူအနက် (၇၆)ဆူ တို့ကို ပညာရှင်များ ဖိတ်ခေါ်၍ ဌာနက တိုက်ရိုက်ကြီးကြပ် ညှိနှိုင်းကာ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ရန်ဖြစ်ပြီး တတိယဦးစားပေးမှ ကျန်(၂၂၄)ဆူကို အလှူရှင်များ ဖိတ်ခေါ်ပြုပြင် ထိန်းသိမ်းခဲ့ရာ ၂၀၁၇ ခုနှစ်၊ ဧပြီလတွင် လုပ်ငန်းများ ရာခိုင်နှုန်းပြည့် ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။

 

mdn


    ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅)ရက်နေ့အထိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့်အတူ အဆောက်အဦးစီးဌာနနှင့် အခြား အဖွဲ့အစည်းများ ပူးပေါင်း ပါဝင် ထိန်းသိမ်းခဲ့ရာ အောက်ပါအတိုင်း ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပါသည်-

 

mdn


ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် UNESCO၊ နိုင်ငံတကာပညာရှင်များ၊ ပြည်တွင်းပညာရှင်များ၏ အကြံပြုချက်များ၊ Advisor Team ၊ Expert Team တို့၏ အကြံပြု ဆွေးနွေးချက်များ၊ ငလျင်အလွန် ပြန်လည်ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းဆောင်ရွက်ခဲ့သည့် နည်းပညာဆိုင်ရာ လုပ်ငန်းညှိနှိုင်းမှုဖိုရမ် (Technical Coordination Forum)များ၏  ဆွေးနွေးညှိနှိုင်းချက်များကို ဌာနအနေဖြင့် လိုက်နာကာ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်လျက် ရှိပါသည်။ ဘာသာရေး ကိုးကွယ်ယုံကြည်မှုအရ တည်ရှိနေသည့် ရှေးဟောင်းအဆောက်အအုံ များကိုလည်း ကိုးကွယ်ယုံကြည်မှုနှင့်အညီ အင်္ဂါစုံပြုပြင်လျက်ရှိသကဲ့သို့ ရှေးဟောင်းအဆောက် အအုံများကို ပျက်စီးမှု ပမာဏအလိုက်သော်လည်းကောင်း၊ သမိုင်းတန်ဖိုးအရသော်လည်းကောင်း၊ ဗိသုကာလက်ရာ ကျန်ရှိမှုအရသော်လည်းကောင်း ခေတ်ကာလအပိုင်းအခြားများပေါ် မူတည်၍ ဦးစားပေးအဆင့်များ သတ်မှတ်ပြီး စံချိန်စံညွှန်းတန်ဖိုးနှင့် ကိုက်ညီသည့် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ 

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များအနေဖြင့်  ငလျင်ဒဏ်ခံ ရှေးဟောင်းအဆောက်အအုံများ ပြုပြင် ထိန်းသိမ်းရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် အလောတကြီး မပြုပြင်ရန်နှင့် ရှေးမူလက်ရာမပျက် ထိန်းသိမ်းရန်စသည့် ချမှတ်ထားသည့် မူအတိုင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် လက်ရှိကာလဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၅)ရက်နေ့အထိ အနည်းငယ်သာ ထိခိုက်ပျက်စီးသော ဘုရားပုထိုး(၂၂၄)ဆူနှင့် ရှေးမူမပျက် ထိန်းသိမ်းပြီးဖြစ်သော (၁၁၁)ဆူ၊ စုစုပေါင်း (၃၃၅)ဆူကို လုပ်ငန်းဆောင်ရွက်ပြီးဖြစ်ကာ (၂၀)ဆူကို ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ဆဲ ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။ 

 

MDN