ပုဂံ ၁၇ နိုဝင်ဘာ

 

ယူနက်စကိုစာရင်းဝင် ကမ္ဘာ့အမွေအနှစ်တစ်ခုဖြစ်သော ပုဂံဒေသတွင် ယနေ့ နံနက် ၅ နာရီက AIA Myanmar မှ နှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် ၅ မီတာ တာတိုပြေးပြိုင်ပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

တာတိုအပြေးပြိုင်ပွဲတွင် ဒေသခံပြည်သူများ၊ ညောင်ဦးမြို့ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများနှင့် မန္တလေးမြို့ အားကစားနှင့် ကာယပညာသိပ္ပံမှ ကျောင်းသား ကျောင်းသူ (၁၀ဝ)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိခဲ့သည့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းမှ ကျောင်းသား ကျောင်းသူများအား AIA Myanmar အသက်အာမခံ ကုမ္ပဏီမှ တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

သန်းထိုက်

ဓာတ်ပုံ-သန်းစိုး