ညောင်ဦး  ဇန်နဝါရီ  ၂၀

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း မင်းနန်သူကျေးရွာအနီးရှိ မင်းနန်းသူ(လေးထောင့်ကန်)နှင့် ရှုခင်းကြည့်တောင်ကုန်းတို့တွင် ယနေ့ နံနက် ၇ နာရီက ညောင်ဦး ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ သန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ ခရိုင်စီမံအဖွဲ့ဝင် များနှင့် ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်အဆင့်အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများစုပေါင်း၍ မင်းနန်သူ(လေးထောင့်ကန်)ပတ်ဝန်းကျင်နှင့် ရှုခင်းကြည့်တောင်ကုန်း ပတ်ဝန်းကျင်ရှိ အမှိုက်သရိုက်များ၊ ပေါင်းမြက်များ၊ ကန္တာရပင်များနှင့် ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခဲ့ ကြောင်း သိရသည်။

ဒီပါလင်း