မန္တလေး ဧပြီ ၂၉

ပုဂံလူရည်ချွန်စခန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် အောင်မြေသာ ရပ်ရှိ  ပုဂံလူရည်ချွန်စခန်း မုခ်ဦးရှေ့၌ ကျင်းပသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန်ဦးကျော်ဆန်း၊ ပညာရေးဝန် ကြီးဌာန အမြဲတမ်းအတွင်းဝင်ဦးစိုးဝင်း၊ တိုင်းဒေသကြီးပညာရေးမှူးရုံး မှ ဒုတိယညွှန်ကြား ရေးမှူး ချုပ်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ လူရည်ချွန်ကြီးများ၊ ကျောင်းအုပ် ကြီးများ၊ ဆရာဆရာမများနှင့် လူရည်ချွန်ကျောင်းသားကျောင်းသူများ၊ ကြီးကြပ် ဆရာဆရာမများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ပုဂံလူရည်ချွန်စခန်းအား လူရည်ချွန်ကျောင်းသား ကျောင်းသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် အခမ်းအနားကို Heritage Bagan Hotel ၌ ဆက်လက်ကျင်းပရာ လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး  လူရည်ချွန်ကျောင်းသားကျောင်းသူများအတွက် လူရည်ချွန်တံဆိပ်များကို ကျောင်းသား ကျောင်းသူ ကိုယ်စားလှယ်တစ်ဦးစီထံပေးအပ်ပြီး လူရည်ချွန် ကျောင်းသား (၁)ဦး က  ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာနအမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများ၊ လူရည်ချွန်ကြီးများက  လူရည်ချွန်ကျောင်းသား ကျောင်းသူများကို  ရင်ထိုးတံဆိပ်များ တပ်ဆင်ပေးကာ ရင်းနှီးနွေးထွေးစွာနှုတ်ဆက်ကြပြီး  လူရည်ချွန်ကျောင်းသား ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကာ လူရည်ချွန်ကျောင်းသား ကျောင်းသူ များက အမှတ်တရသစ်ပင်စိုက်ပျိုးကြသည်။

ဆက်လက်၍ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် အာနန္ဒာဘုရား၊ သဗ္ဗညုဘုရား၊ မနူဟာဘုရား၊ မြစေတီ+ဂူပြောက်ကြီးဘုရား၊ ဘူးဘုရား၊ ထီးလိုမင်းလိုဘုရား၊  ပုဂံဒေသရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ရှေးဟောင်းဗိသုကာ လက်ရာများကို အုပ်ချုပ်သူ ဆရာ/ မများနှင့်အတူ သွားရောက်ဖူးမြှော်လေ့လာကြသည်။

ညပိုင်းတွင် ပုဂံလူရည်ချွန် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံရာ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အခမ်းအနားကို စတင်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် က စခန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ၍ လူရည်ချွန်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်အဖွဲ့သည် လူရည်ချွန်ကျောင်းသားကျောင်း သူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြပြီး ဂုဏ်ပြုဧည့်ခံဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်