ညောင်ဦး ၂၂ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ အမှတ်(၅)ရပ်ကွက်ရှိ ပုဂံမြို့ဟောင်းသွားလမ်းဘေးရှိ သက်တမ်းရင့် သစ်ခြောက်ပင်ကြီးအား ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ဖြတ်သန်း သွားလာရာတွင် အန္တရာယ်ကင်းဝေး စေရန်အတွက်ရည်ရွယ်၍ ယနေ့ နံနက် ၈ နာရီက ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာနမှ မီးသတ် တပ်ဖွဲ့ဝင်များ ၊ အကျဉ်းဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
အဆိုပါ သက်တမ်းရင့်သစ်ခြောက်ပင်ကြီးသည် ညောင်ဦးမြို့တွင်းသွားလာသည့် ပုဂံမြို့ဟောင်း သွားလမ်းဘေးတွင် တည်ရှိနေပြီး သက်တမ်းအားဖြင့် နှစ်ပေါင်းရာချီနေပြီဖြစ်ကြောင်း ၊ လမ်းဘေးတွင် ရှိနေသည့်အတွက် တစ်နေ့မဟုတ် တစ်နေ့ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ အဆိုပါ လမ်းအား ဖြတ်သန်းသွားလာရာတွင် အန္တရာယ် ကျရောက်နိုင်ကြောင်း သိရ၍ ယနေ့ နံနက်ပိုင်းက ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ ၊ အကျဉ်းဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က သက်တမ်းရင့် သစ်ခြောက်ပင်ကြီးအား ပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် ခုတ်ထွင်ရှင်းလင်းဆောင်ရွက် ပေးခဲ့ကြောင်း ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာနမှ တပ်ကြီးကြီး ကိုလင်းထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )


