ညောင်ဦး ဒီဇင်ဘာ ၂၆

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံနယ်မြေရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ပုဂံမြို့သစ်ဈေးကြီး မီးဘေးလုံခြုံရေးအတွက် ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင် ဦးဆောင်သော ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ဦးဆောင်သော မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပုဂံနယ်မြေမီးသတ်စခန်း တာဝန်ခံ ဦးဥက္ကာ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ပုဂံမြို့သစ်ဈေးကြီးအတွင်း လျှပ်စစ်မီး သုံးစွဲမှုအခြေအနေများ၊ ဈေးဆိုင်ခန်းများအလိုက် မီးသတ်ဆေးဘူး ချိတ်ဆွဲထားရှိမှု အခြေအနေများ၊ ရေရရှိရေးစီစဉ် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အသင့်တပ်ဆင်ထားသော မဏိစည်သူဈေးပိုင် အပေါ့စား မီးသတ်စက်များ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိနှင့် စွမ်းအားပြည့် အသုံးပြုနိုင်မှု ရှိ/မရှိ အခြေအနေများ၊ မီးသတ်ယာဉ် ဝင်/ထွက်သွားလာနိုင်မှု အခြေအနေများနှင့် မီးသတ်ရေတိုင်ငုတ်များ ထားရှိမှု အခြေအနေတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦနန်းတင့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်မြင့်နှင့် စည်ပင်သာယာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ဒီဇင်ဘာ ၂၆ ရက် နံနက် ၈ နာရီက လှည့်လည်စစ်ဆေး၍ လိုအပ်သည်များ အကြံပြုဆွေးနွေးသည်။

 

ထို့နောက် ခရိုင်ဦးစီးမှူး ဦးထက်အောင်မှ တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ဈေးသူ/ ဈေးသားများနှင့် ဈေးနှင့်ပတ်သတ်၍ တာဝန်ရှိသူတို့အား မီးဘေးကြိုတင် ကာကွယ်ရေးဆိုင်ရာ သိပညာပေး ဟောပြောခြင်း၊ မီးသတ်ဆေးဘူး ထိန်းသိမ်းထားသိုနည်းလမ်းနှင့် လက်တွေ့ကိုင်တွယ် အသုံးပြုခြင်းတို့အား ရှင်းလင်းပြသ၍ ဆီမီးလောင်မှုအား လက်တွေ့မီးငြှိမ်းသတ်ပြသကာ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ပေးခဲ့သည်။

 

ဆက်လက်၍ခရိုင် မီးသတ်ဦးစီးမှူး ဦးထက်အောင်ဦးဆောင်သော ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပုဂံနယ်မြေ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပုဂံအရန် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းတို့အား ဆက်လက်စုပေါင်း လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

 

ကိုထိန်၊KPD