ညောင်ဦး ၃၁ မေ
မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦးမြို့နယ်အတွင်းရှိ အခြေခံလက်လုပ်လက်စား အိမ်ထောင်စုဝင်များအားကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် ဆန်များလှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာ၊ မြို့ညွန့်ရပ်ကွက်ရှိ အခြေခံလက်လုပ်လက်စား အိမ်ထောင်စုဝင် ၂၀၅ စု၊ ရွှေလယ်ရပ်ကွက်ရှိ အိမ်ထောင်စု (၉)စု၊ မြို့ရှေ့ရပ်ကွက်ရှိ အိမ်ထောင်စု (၁၂)စု၊ ပုဂံမြို့၊ အမိုက်ကုန်းရပ်ကွက်ရှိ အိမ်ထောင်စု (၁၀)စု၊ ညောင်ဦးမြို့၊ အမိုက်ကုန်ရပ်ကွက်ရှိ အိမ်ထောင်စု (၁၄)စု၊ ကံသာယာရပ်ကွက်ရှိ အိမ်ထောင်စု (၆)စု ၊ ရွှေကုန်းရပ်ကွက်ရှိ အိမ်ထောင်စု (၇)စု၊ သာယာဝတီရပ်ကွက်ရှိ အိမ်ထောင်စု (၆)စု၊ ညောင်ဦးမြို့နယ် ထန်းတောတဲတိုက်ရှိ အိမ်ထောင်စု (၁၉)စု စုစုပေါင်း အိမ်ထောင်စု (၂၈၈)စုအတွက် အိမ်ထောင်စု တစ်စုလျှင် ဆန်(၁) ပြည်နှုန်း ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆန်များပေးဝေ လှူဒါန်းနိုင်ရေးအတွက် ပုဂံမြို့၊ ရတနာဘုံစံတောရ ဓမ္မရိပ်သာကျောင်းတိုက် ဆရာတော် အရှင်သာဂရ ဦးဆောင်သော ညောင်ဦးမြို့နယ် ဖြူစင်မေတ္တာ(ရေ/သွေး) ပရဟိတအသင်း၊ မြတ်ပါရမီလူမှုကူညီရေး အသင်းနှင့် စိတ်စေတနာ အခမဲ့ဆေးကုခန်းတို့ပူးပေါင်းကာ အွန်လိုင်းစေတနာရှင် အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဆန်များလှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


