ပုဂံ ၁၇ သြဂုတ်

 

ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွက် သီးသန့်ရေးဆွဲနေသည့် ပုဂံငလျင်အန္တရာယ်ပြ မြေပုံအား ယခုနှစ်ကုန်တွင် ထွက်ရှိနိုင်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ သိရသည်။ 

 

အဆိုပါမြေပုံထွက်ရှိလာပါက ငလျင်နှင့်ပတ်သက်ပြီး ထိခိုက်နိုင်ဖွယ်ရှိသည့် နေရာများ၊ ဘုရားများ၏ ခံနိုင်ရည်များ၊ ဘုရားများကို ထိန်းသိမ်းနိုင်မည့် နည်းလမ်းများကို သိရှိလာနိုင်မည်ဖြစ်ကြောင်း သိရသည်။ ငလျင်အန္တရာယ်ပြမြေပုံ ထွက်ရှိရန်အတွက် တိုင်းတာခြင်းလုပ်ငန်းများကို မြန်မာနိုင်ငံ ငလျင်ကော်မတီ၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ စင်ကာပူနိုင်ငံရှိ နန့်ယန်းတက္ကသိုလ်မှ မြေကမ္ဘာလေ့လာ စောင့်ကြည့်ရေး အဖွဲ့နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနရှိ ပညာရှင်များ ပူးပေါင်းလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

 

မန်းကိုယ်ပွား