ညောင်ဦး အောက်တိုဘာ ၂၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ စတုမုခဘုရား (ဘုရားအမှတ်(၂၁၃၆)၊ ဘုရားအမှတ်-၂၁၃၈နှင့် ဘုရားအမှတ်- ၂၁၂၈ တို့တွင် ယနေ့ နံနက် ၇ နာရီခွဲမှစတင်ကာ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ညောင်ဦးမြို့နယ်ရှိ နယ်မြေခံ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကညောင်ဦးမြို့နယ် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ စတုမုခဘုရား (ဘုရားအမှတ်(၂၁၃၆)၊ ဘုရားအမှတ် ၂၁၃၈ နှင့် ဘုရားအမှတ် ၂၁၂၈ နေရာတို့တွင် ဘုရားဆင်းတုတော်များ ရောင်တော်ဖွင့်ခြင်း၊ ဘုရားမျက်နှာကျက်ဖုန်များ ရှင်းလင်းခြင်း၊ ခိုချေး၊ ငှက်ချေးများရှင်းလင်းခြင်းနှင့် ဘုရားပတ်ဝန်းနှင့် ဘုရားဝင်းအတွင်းရှိ ပေါင်းမြက်များ၊ သစ်ပင်ချုံနွယ်များ၊ သစ်ရွက်မှိုက်များ၊ ဖော့ဘူးများအား စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကာ အမှိုက်များအား ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်ကားဖြင့် စနစ်တကျ စွန့်ပစ်ခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ