နေပြည်တော်၊ အောက်တိုဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး-ပုဂံ သွားကားလမ်းပေါ်၌ အကြမ်းဖက် လုပ်ရပ်များကျူးလွန်ရန် လက်လုပ်မိုင်းများ သယ်ဆောင်လာသည့် အကြမ်းဖက်သမားတစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်မှုမရှိစေရေး၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးမှုမရှိစေရေးနှင့် အများပြည်သူလုံခြုံရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိစဉ် ယနေ့ နံနက် ၆ နာရီခန့်တွင် ပုဂံမြို့တွင်းသို့ ညောင်ဦးမြို့ဘက်မှ အမျိုးသားတစ်ဦးမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား လိုအပ်သည်များ စစ်ဆေးနိုင်ရန်အတွက် လုံခြုံရေး တပ်ဖဲ့ဝင်များက တားဆီးစဉ် ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် ခြောက်လှန့်ပစ်ခတ်တားဆီးခဲ့ရာ ဆိုင်ကယ်တိမ်းမှောက် ရပ်တန့်သွားခဲ့သည်။
ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါဆိုင်ကယ်အား သွားရောက်စစ်ဆေးခဲ့ရာ ဆိုင်ကယ်ခွကြားတွင် ညှပ်၍သယ်ဆောင်လာသည့် ကွန်ကျူးပိုက်ဖြင့်ပြု လုပ်ထားသော လက်လုပ်မိုင်း နှစ်လုံး သိမ်းဆည်းရမိကာ ဆိုင်ကယ်မောင်းနှင်သူ အကြမ်းဖက်သမားသည် လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာဖြင့် သေဆုံးနေကြောင်းတွေ့ရှိရပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း အကြမ်းဖက်လုပ်ရပ်များမကျူးလွန်နိုင်ရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
